ရေနံချောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ငွေကျပ်သိန်းသုံးထောင်ကျော် ထောက်ပံ့

ရေနံချောင်း စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင် စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေ သိန်းသုံးထောင်ကျော် ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်‌‌‌ထောင်စုများအား စားဝတ်နေရေး အထောက်အကူဖြစ်စေရန်အတွက် ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိရာ ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၃ ခုမှ အခြေခံလူတန်းစားအိမ်ထောင်စု ၁၆၂၆၂ စုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း‌ထောက်ပံ့ငွေ ၃၂၅၂၄၀၀၀၀ ကျပ်ကို တတိယအကြိမ်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ် ချုပ်ရေးမှူးများမှတဆင့်  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ လက်ဝယ်အရောက် ပြန်လည်ထာက်ပံ့ပေး သွားမည်ဖြစ် ကြောင်း သိရသည်။
ကိုစိုးကြီး