ချောင်းသာ စက်တင်ဘာ ၁၈
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဖွင့်လှစ်လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များကို (Take Away)(ပါဆယ်)စနစ်ဖြင့်သာ ရောင်းချရန် အတွက် အသိပေးနှိုး ဆော်ထားပြီး စစ်ဆေးမှုများကို ရွှေသောင်ယံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ ညနေပိုင်းက စတင်ကာ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူး ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးပြီး ချောင်းသာမြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လမ်းဘေးခေါက်ဆွဲဆိုင်များ၊ အသုတ်ဆိုင်များ၊ ကွမ်းယာဆိုင်များကို မနက်(၆)နာရီမှ ည(၈)နာရီ အထိ ပါဆယ်စနစ်ဖြင့် ရောင်းချစေခြင်း၊ ည(၈)နာရီ မှ မနက်(၆)နာရီအထိကို ပုံမှန် စီမံချက်နှင့်အညီ ပိတ်သိမ်းစေခြင်းတို့ကို စက်တင်ဘာ (၁၅)ရက်မှအောက်တိုဘာ(၁)ရက်အထိ သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဧရာဝတီတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင်