ဖာပွန်မြို့၌ ရွှေဖရုံပင်များ တစ်နိုင်တစ်ပိုင်စမ်းသပ်စိုက်ပျိုး

ဖာပွန်  စက်တင်ဘာ ၁၈


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြိုတွင် ဒေသခံတောင်သူများသည် မိရိုးဖလာလုပ်ငန်း များအပြင် ယခုအခါ အခြား ဈေးကွက်ဝင်သီးနှံဖြစ်သည့် ရွှေဖရုံပင်များကို တစ်နိုင် တစ်ပိုင်စမ်းသပ်စိုက်ပျိုးလုပ်ကိုင်လာကြောင်း သိရှိရသည်။
ရွှေဖရုံပင်များမှာ အစိုဓါတ်ရရှိပါက ရာသီမရွေးစိုက်ပျိုးနိုင်သော အပင်မျိုးဖြစ်ကြောင်း၊ တစ်ပင်နှင့်တစ်ပင် ပင်ကြား(၃ ပေ)ထား ရှိရကြောင်း၊ အပင်သက် တမ်းမှာ အသီး(၂)ကြိမ်ခူး ယူပြီးချိန်အထိ ဖြစ်ကြောင်း၊ တစ်နိုင်တစ်ပိုင် စမ်းသပ်စိုက်ပျိုးထားသည့် ရွှေဖရုံပင်များမှာ စိုက်ပျိုးပြီး(၄)လအကြာတွင် စတင်၍အသီးခူး နိုင်ပြီဖြစ်ကြောင်း၊ အောင်မြင်ဖြစ်ထွန်းပါက ပိုမိုတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရွှေဖရုံစမ်းသပ် စိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)