ကမာရွတ် စက်တင်ဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုများမရှိစေရေးအတွက် ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC kamayut) ကျောင်း၌ လူ ၃၀၀ ဆံ့ Quarantine Center အဖြစ် ထားရှိ ဆောင်ရွက်နိုင်ရန် ယမန်နေ့ ညနေ(၅)နာရီအချိန်က အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု စစ်ဆေးကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကိုဗစ်-၁၉ အရေးပေါ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာ များနှင ပရဟိတအဖွဲ့ဝင်များ စုပေါင်း၍ Quarantine Center တွင် Quarantine ဝင်ရောက်မည့်သူများ ထားရှိနိုင်ရေး စာသင်ခန်းများအား လူနာဆောင်အဖြစ် ပြင်ဆင်နေမှုများအား အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ကြည့်ရှုအားပေးခဲ့ပြီး Quarantine ဝင်ရောက်မည့် သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ငွေကျပ် (၁၅၀၀၀၀)အား လှူဒါန်းပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)