ငဖဲမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစာအိမ်ထောင်စု (၅၃၈၂)စုတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်

ငဖဲ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအားနိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးမြင့် နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဆန်းထွန်း က နိုင်ငံတော်အစိုးရမှထောက်ပံ့ငွေများ အားပေးအပ်ရာတွင် တိကျမှန်ကန်မှု ရှိစေရန်နှင့် အလွဲသုံးစားမှုများမဖြစ်ပေါ်စေရေးတို့အတွက် ဌာနဆိုင်ရာအကြီးအကဲများက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။
ကိုဗစ်-၁၉ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား လတ်တလော အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ပုံမှန်ဝင်ငွေမရှိသော ရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အိမ်ထောင်စု(၅၃၈၂)စုအတွက် ငွေကျပ်သိန်းပေါင်း (၁၀၇၆)ကျော် ကို ဌာနဆိုင်ရာအကြီးအကဲများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာများသို့သွားရောက်ပြီးပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေများကို ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)