ဝမ်းတွင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအားတစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ်ပေးအပ်

ဝမ်းတွင်း၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မသန်စွမ်းသူတစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် ပေးအပ်ခြင်း ကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာရပ်ကွက် ကျေးရွာများအလိုက် အုပ်ချုပ် ရေးမှူးများက ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ(၇၅)အုပ်စု၊ ကျေးရွာပေါင်း(၂၁၈)ခုတွင် မသန်စွမ်းသူ (၁၀၆၈)ဦးရှိရာ တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် (၃၂၀၄၀၀၀၀)ကိုနိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေး အပ်ခြင်း ဖြစ်ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၊ မသီသီထွေးထံမှ သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)