ပုလောမြို့နယ် ပလမြို့ အ၀င်/အထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပုလော    စက်တင်ဘာ   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ဦးဆောင်သော ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ည ၇ နာရီခန့်က ပလမြို့အ၀င် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များက ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးသည့် ဂိတ်တွင် တာ၀န်ကျကျန်းမာရေး၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဌာန ဆိုင်ရာ တာ၀န်ရှိသူများ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များမှ အဝေးပြေးယာဉ်လိုင်းများ၊ အိမ်စီး ယာဉ်ငယ်များ၊ မော်တော် ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားလာနေကြသည့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် အစရှိ သည့် ကျန်းမာရေး အသိပညာ ပေးခြင်း ၊နှာခေါင်းစည်းများ တပ်ဆင်ခြင်း မရှိပါက ချက်ချင်း ၀ယ်ယူ တပ်ဆင် စေခြင်း၊ တိုင်းပြင်ပမှ တိုင်းအတွင်း ၀င်ရောက် လာသည့် ခရီးသွားပြည်သူများအား ခရီးသွား ထောက်ခံချက် စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ် (၂၄) နာရီ နေ့/ည ဂျူတီ ခွဲဝေချ ထား၍ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အေးအေးမော်(ပုလော −ပြန်/ဆက်)