ကြံခင်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးရှေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရန် ပါးစပ်နှင့်နှာခေါင်းစည်း Mask အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ လိုက်နာရမည့် အချက်များ နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့် ကျင့်ဝတ်များစသည့် ပြည်သူများ သိသင့်သော အချက်များပါဝင်သော လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် အိမ်အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာနိုင်ရန် အသိပညာပေးပြီး Maskများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြန့်ဝေခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များမှ ပူးပေါင်းဖြန့်ဝေ ပေးခဲ့ကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် (၇၀၀)နှင့် နှာခေါင်းစည်း Mask အခု(၇၀၀)အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မိုးမိုး (ပြန်/ဆက်)