လက်ပံတန်းမြို့နယ်တွင်   ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်   ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် ရပ်ကွက်ကျေးရွာကော်မရှင် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေး ဆင့်ပွားသင်တန်းကို ၂ လမ်းခန်းမ၌ ဖွင့်လှစ် သင်ကြား ပေးခဲ့ကြောင်းသိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက အမှတ်(၆) ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေးအပ်ခဲ့ ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အသက်(၈၅) နှစ်အထက်ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း မှစတင်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

လသာမြို့နယ်တွင် အ.ထ.က(၁)စာသင်ကျောင်းအား Quarantine Centre အဖြစ် ဆောင်ရွက် ထားရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြို့နယ် ကိုဗစ် - ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင်စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်အတွက် အ.ထ.က(၁)အခြေခံပညာအထကိတန်းကျောင်းရှိ စာသင် ကျောင်းဆောင်ကို ယမန်နေ့ နံနက်၇နာရီမှစတင်ပြီး Quarantine Centre အဖြစ် ဖွင့်လှစ် ထားရှိကြောင်းသိရှိရသည်။

တာမွေမြို့နယ်တွင် Lock Down အသွားအလာကန့်သတ်နေထိုင်သူ အိမ်ထောင်စုများအား (Team KG) မှ ဟင်းသီးဟင်းရွက်နှင့် အစားအသောက်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ဖြစ်ပေါ် နေခဲ့ရာ အဆိုပါ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သူ များကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွား ခြင်းများ မဖြစ်ပေါ်စေ ရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေး တို့အတွက် မိမိတို့ နေအိမ်များတွင် Lock Down အသွားအလာ ကန့်သတ်ထားရှိ ဆောင်ရွက်လျက်ရှိ သည်။

ခင်ဦးမြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပေါ် ရပ်ကွက်များရှိ မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေ များကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်က လက်ဝယ် အရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဒဂုံမြို့နယ်ယောမင်းကြီးရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၄)စုအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေး ကုစားမှုအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ယောမင်းကြီးရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ပေးသည့်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက ရပ်ကွက်အုပ်ရေးမှူး ဦးမောင်မောင်ထွေးက အိမ်ထောင်စု(၁၄)စုတို့အား တစ်စုချင်းစီအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်၌ မဟာမဲခေါင်မြစ်ဝှမ်း ကျန်းမာရေးလုံခြုံမှု စီမံချက်၊ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း သက်ဆိုင်ရာဌာနများနှင့် သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မဟာမဲခေါင် မြစ်ဝှမ်း ကျန်းမာရေးလုံခြုံမှု စီမံချက်၊ ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းနှင့် ပတ်သက်သည့်သုံးသပ်ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များနှင့် ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေး ရုံအုပ်ကြီး ဒေါက်တာ ထွန်းဝင်းထံမှ သိရသည်။
Subscribe to