လသာမြို့နယ်တွင် အ.ထ.က(၁)စာသင်ကျောင်းအား Quarantine Centre အဖြစ် ဆောင်ရွက် ထားရှိ

လသာ စက်တင်ဘာ ၁၈


ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြို့နယ် ကိုဗစ် - ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင်စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်အတွက် အ.ထ.က(၁)အခြေခံပညာအထကိတန်းကျောင်းရှိ စာသင် ကျောင်းဆောင်ကို ယမန်နေ့ နံနက်၇နာရီမှစတင်ပြီး Quarantine Centre အဖြစ် ဖွင့်လှစ် ထားရှိကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်၊ ပညာရေး ဌာန၊ ကျန်းမရေးဌာန၊ လျှပ်စစ်ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက အ.ထ.က(၁)ကျောင်းစာသင်ဆောင်ကို Quarantine Centre အဖြစ်ဆောင်ရွက်ထားရှိနိုင်ရေး ကြိုတင်ပြင်မှုများ ကိုစနစ်တကျ ဆောင်ရွက်ပြီး သီးခြားစောင့်ကြည့်လူနာများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် ရပ်မိရပ်ဖများက ညှိနှိုင်းဆောင်ရွက်ထားရှိသည်။
အဆိုပါ လသာမြို့နယ် အ.ထ.က(၁)စာသင်ကျောင်းရှိ Quarantine Centre တွင် သီးခြား စောင့်ကြည့်သူများကို ကိုဗစ်- ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မရှိစေရေး ကျန်းမာရေးနှင့် အားကားစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စောင့်ကြပ်ကြည့်ရှု ထားကြောင်းသတင်းရရှိသည်။
မေသူ(ပြန်/ဆက်)