ရေဦးမြို့နယ်မှ ဒုတိယအသုတ် စောင့်ကြည့်စင်တာ ၀င်ရောက်သူ ၆၇ ဦးအား ဓာတ်ခွဲစစ်ဆေး နိုင်ရန်( Swab ) ရယူ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ပိုးတွေ့သည့် နေရပ်ဒေသများမှ ပြန်လာသူများကို ခရီးသွားရာ ဇ၀င်မှတ်တမ်းများဖြင့် စိစစ်ကာ Community Base Facility Quarantine Centre တွင်ထားရှိ စောင့်ကြည့်လျက်ရှိပါသည်။