ရေးမြို့နယ် အစင်ကျေးရွာရှိ ဆိုင်ကယ်တက္ကစီသမားများအနေဖြင့် ရပ်ဝေးခရီးသည်များအား စစ်ဆေးပြီးမှ ကျေးရွာအတွင်းသို့ ပို့ဆောင်ကြရန် အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ညနေ (၅)နာရီက ကျေးရွာအတွင်းရှိ ဆိုင်ကယ်တက္ကစီ မောင်းနှင်နေကြသည့် တက္ကစီသမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ဝေးဒေသမှ ခရီးသည်များအား ခရီးသွား ရာဇဝင်စစ်ဆေးပြီးမှ မိမိကျေးရွာအတွင်းသို့ ပို့ဆောင်ပေးကြရန် အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၉၅၅၅) စုအား (တတိယအကြိမ်)ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား (တတိယအကြိမ်)တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်း နှုန်းဖြင့် ယနေ့ နံနက် ၉ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

သထုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် အသိပညာပေးခြင်းများ လိုက်လံနှိုးဆော်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မီးသတ်တပ်ဖွဲ့မှ ကိုဗစ်-၁၉ရောဂါတားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ မွန်လွဲပိုင်းက စတင်ကာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လိုက်လံ နှိုးဆော်ဆောင်ရွက်လျက်ရှိသည်။

ချီဖွေမြို့ စခန်း (၂) ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဘေးအမျိုးမျိုး ကြုံတွေ့နေရသူများအား လတ်တလောသက်သာချောင်ချိရေး ဆောင်ရွက်ပေးခြင်းနှင့် (IDPs) စခန်းများတွင် နေထိုင်သူများအား စားနပ်ရိက္ခာအပါအဝင် အခြေခံလိုအပ်ချက်များ ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ(၁၆)ရက်နေ့ နံနက် (၉)နာရီခွဲတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပင်းတယမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်တယမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည် ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့် အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် တာဝန်ရှိသူများတို့က ရှောင်တခင်စစ်ဆေးခဲ့‌ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေ ရပ်ပြန်ကျား(၅၃)ဦးနှင့်မ(၂၃)ဦး စုစုပေါင်း(၇၆)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှအိမ်ထောင်စု(၁)စုလျှင် ငွေကျပ်၂၀၀၀၀ကို ယနေ့ နံနက် ၈နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အတွင်း၌ ဖြန့်ဝေပေးခဲ့သည်။

ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား တစ်အိမ်ထောင်လျှင် ငွေကျပ်လေးသောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သြဂုတ်လ(၂၉)ရက်နေ့က တစ်အိမ်ထောင် လျှင် ငွေကျပ်(၄၀၀၀ဝိ) နှုန်းနှင့် အိမ်သုံးပစ္စည်(၄)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ ဒုတိယအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၄၀၀၀ဝိ)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ(၅) နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ KBC/RC/AG/COC ဘုရားကျောင်းများတွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to