ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးလျှော့ချရေး ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများ ယာယီရပ်ဆိုင်းထား

ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများ ဖြစ်သည့်အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများတွင် ဉပုသ်သီလ ဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ စက်တင်ဘာလ ၁၆ရက်နေ့ မှစ၍ ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၆၄၃၅)ဦး အား သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ပေးနိုင်ခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ် များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှ မီးရထား ခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ စက်တင်ဘာလ (၁၈)ရက်နေ့တွင် အမျိုးသား (၁၀၆)ဦး ၊ အမျိုး သမီး (၃၉)ဦး စုစုပေါင်း (၁၄၅ )ဦးတို့ကို ထပ်မံပို့ဆောင်ပေးနိုင်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အ.ထ.က(၂) Quarantine centre တွင် Contact person များအား  မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏လမ်းညွှန်မှုနှင့်အညီ စတင်ထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ထားရှိထား သည့် အ.ထ.က(၂) Quarantine centre တွင် Contact person များအား  မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ယမန်နေ့ ညနေ(၃)နာရီက စတင်လက်ခံထားရှိထားကြောင်း သိရသည်။

လမ်းမတော်မြို့နယ်တွင် Quarantine centre အဖြစ်ထားရှိမည့် အထက(၁)ကျောင်းအား ကြည့်ရှုစစ်ဆေး

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုများ မရှိ စေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေး အတွက် Quarantine centre ဖွင့်လှစ်ဆောင်ရွက်ထားရှိမည့် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းကို ယမန်နေ့က တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် သန့်ရှင်းသာယာလှပရေး ပန်းအလှပင်များ စိုက်ပျိုး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သန့်ရှင်းသာယာလှပရေး အရိပ်ရအပင်နှင့် ပန်းအလှပင်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စက်တင်ဘာ ၁၈ ရက်က မြို့အထွက် မိုင်းယောင်း-မိုင်းယု သွားကားလမ်းမ ဘေးဝဲယာ၌ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလတွင် မကူး စက်နိုင်သော ရောဂါများ ကုသပေးနိုင်စေရန်နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး ပြုစု စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ငွေကျပ်သိန်း(၂၀)လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံနှံမှုမရှိစေရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များထံ သို့ အလှူရှင်များ လာရောက်လှူဒါန်ထားသည့် ငွေကျပ်သိန်း(၂၀)အား လွှတ်တော်ကိုယ်စားလှယ်များမှ လှိုင်သာယာ မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံသို့ ယမန်နေ့ ညနေပိုင်းက လှိုင်သာယာမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် လှူဒါန်းသည်။

COVID-19 စီးပွားရေးကုစားမှု(CERP)အရ IDPs စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်)၊မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPs စခန်းများမှ တိုက်ပွဲ ရှောင်ပြည်သူ များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID-19 စီးပွားရေး ကုစားမှု(CERP)အရ အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန် ထောက်ပံ့‌ ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် Royal-D များ လာရောက် လှူဒါန်း

ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းများတွင် ခွန်အားပြည့် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ Royal-D များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့သည်။
Subscribe to