ခင်ဦးမြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်

ခင်ဦး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ပေါ် ရပ်ကွက်များရှိ မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေ များကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်က လက်ဝယ် အရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ထောက်ပံ့ငွေများကို ကျေးရွာအုပ်စု (၅၉) အုပ်စုမှ အုပ်ချုပ်ရေးမှူးက မသန်စွမ်းသူများအား လက်ဝယ် အရောက်ပေးအပ်လျက်ရှိသည်။ ခင်ဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ (၆၃) အုပ်စုရှိ မသန်စွမ်းသူ စုစုပေါင်း (၆၄၇) ဦးကို တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)