လက်ပံတန်း စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် ရပ်ကွက်ကျေးရွာကော်မရှင် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေး ဆင့်ပွားသင်တန်းကို ၂ လမ်းခန်းမ၌ ဖွင့်လှစ် သင်ကြား ပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် အဆိုပါသင်တန်းတွင်မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်အသုံးပြုရမည့် မဲဆန္ဒရှင်စာရင်းပုံစံများ၊ ကြိုတင်ဆန္ဒမဲပေးခြင်း ပုံစံများ၊ ရပ်ကျေးလမ်းညွှန်ခြင်းများ၊ ဥပဒေအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကိုလည်းကောင်း ကြိုတင်မဲပေးနိုင်သည့် အကြောင်းအရာ များကို လည်းကောင်း အသီးသီးသင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းကိုရပ်ကွက်၊ ကျေးရွာအုပ်စု(၅၃)အုပ်စုမှသင်တန်းသား၊သင်တန်းသူ (၁၅၉)ဦး အား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ တန်းခွဲ(၅)ခုခွဲ၍ စက်တင်ဘာ (၁၇ ၊၁၈) ရက်နေ့တို့တွင် သင်တန်းပို့ချလျက်ရှိကြောင်းသိရသည်။
ဝင့်နန္ဒာဌေး