ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက်(၇)နာရီ အချိန်က ဈေးပိုင်းရပ်ကွက်မင်္ဂလာဓမ္မရုံ တွင် ဆောင်ရွက်ခဲ့သည်။

အင်တောမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပညာပေးဆင့်ပွားသင်တန်း ပို့ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ရပ်စောက်မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ​ထွေ​ထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် ရပ်ကွက်/​ကျေးရွာ အုပ်စု​ရွေး​ကောက်ပွဲ ​ကော်မရှင် ဥက္ကဋ္ဌနှင် အတွင်း​ရေးမှူးများအား ​ရွေး​ကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေများပညာ​ပေးဆင့်ပွား သင်တန်းကို ယမန်နေ့က အင်တောမြို့ ရန်အောင်မြေဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကူးစက်မြန်ကိုဗစ်-၁၉ ကာလအတွင်း YBS(၄၉) အမြန်ယာဉ်ငယ်အသင်းမှ ယာဉ်မောင်းများအား စားသောက်ကုန်များထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကွမ်းခြံကုန်းမြို့နယ်မှ လှိုင်သာယာ မြို့နယ်သို့ ပြေးဆွဲနေသော YBS(၄၉)အမြန်ယာဉ်ငယ် အသင်းမှ ယာဉ်မောင်းများအား အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒုတိယအကြိမ်‌ စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်မှုကို ယမန်နေ့ နံနက်ပိုင်း က ကံကြီးမကျီးရပ်ကွက်ရှိ အမြန်ယာဉ်ငယ်အသင်း ဂိတ်ရုံးတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေးလုပ်ငန်း နှင့် သဘာဝဘေး အန္တရာယ်အသိပညာပေးလုပ်ငန်းကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်း အား ယနေ့နံနက်ပိုင်းမှစတင်ကာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့လိုက်လံ နှိုးဆော်လျက် ရှိကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ်တွင် Corona Virus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် ပြန်လည်တုန့်ပြန်ရေးကော်မတီမှ Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြား

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန် နေ့ ညနေ ၄နာရီအချိန်က Corona Virus Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့် ပြန်လည်တုန့်ပြန် ရေးကော်မတီမှ မြို့နယ်အတွင်းရှိ တိုက်နယ် ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေးမှူးများအား Video Conferencing စနစ်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာ ကြားချက်များကို ရှင်းလင်းပြောကြား ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင်အခြေခံလူတန်းစား အိမ်‌ထာင်စုများအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီကမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

လှိုင်မြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် ပိုင်းကစ၍

ဆားလင်းကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ပဉ္စမအကြိမ်မြောက်အား ယမန်နေ့မွန်းလွဲပိုင်း အချိန်က ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသာခန်းမတွင် ပြုလုပ်ခဲ့သည်။

ထီးလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် ဧက ၂၁၀ တွင် ပိုးမွှားရောဂါ ကင်းထောက်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ထောက်ပံ့မှုအရ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ် ဧက(၂၁၀)ကို ကျေးရွာ(၃)ရွာတွင် စိုက်ပျိုးလျက် ရှိပြီး မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှား ကင်းထောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to