ဒဂုံ စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေး ကုစားမှုအနေဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ယောမင်းကြီးရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ပေးသည့်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက ရပ်ကွက်အုပ်ရေးမှူး ဦးမောင်မောင်ထွေးက အိမ်ထောင်စု(၁၄)စုတို့အား တစ်စုချင်းစီအလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား နိုင်ငံတော်ကတတိယ အကြိမ် ပေးအပ်ထောက်ပံ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၁၄)စုအတွက် စုစုပေါင်းငွေကျပ်(၂၈၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)