ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (ဒုတိယအကြိမ်) ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ဒုတိယအကြိမ်) ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဂန့်ဂေါတွင် အေ အဆင့် မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်

ဂန့်ဂေါခရိုင် အားကစားကွင်းတွင် အေ အဆင့် အားကစားရုံကို ၂၀-၂-၂၀၂၀ နေ့မှ စတင်ဆောက် လုပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းပမာဏ၏ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မင်းတုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ ဖြန့်ဝေမည့် ကျောင်းသုံးဗလာစာအုပ်များ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဖြန့်ဝေရန် ရောက်ရှိ လာသည့် ကျောင်းသုံးဗလာစာအုပ်များ သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

အင်တောမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ ပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြည်သူများအား လူကုန်ကူးမှု အန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများ ရရှိစေရန် အတွက် ရည်ရွယ်ပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ် စာစောင်များပြသ‌ခြင်းကို ယနေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ထားရှိ ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စည်ပင်သာယာအဖွဲ့ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား မိသားစု စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ် စည်ပင်သာယာရေးရုံး၌ ပေးအပ်ခဲ့သည်။

ညောင်တုန်းမြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ​ပြိုကျ/ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၁၀) လုံးအား ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းလှိုင်မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ​ပြိုကျနေအိမ် ၁ လုံးနှင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၉) လုံးရှိ အိမ်ထောင်စုများအား ယမန်နေ့ ညနေ ၄ နာရီက အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကယ်ဆယ်​ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

တဝန်ဖန်ရကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်း စတင်အ​ကောင်အထည်​ဖော်ဆောင်ရွက်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် တဝန်ဖန်ရ​ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဖွင့်လှစ်ပြီးစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ယနေ့ နံနက် ၉ နာရီခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့၌ ဈေးရောင်း/ဈေးဝယ်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် မြို့မဈေးနှင့် ပျံကျဈေးများ၌ ဈေးရောင်း/ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ နေ့စဉ် စစ်ဆေး လျက်ရှိကြောင်း သိရသည်။
Subscribe to