ရန်ကင်း စက်တင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း မှစတင်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် ၈၅ နှစ် အထက်ရှိ ဘိုးဘွားများအား ၃လတစ်ကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ထောက်ပံ့ပေး လျက်ရှိရာ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ရန်ကင်းမြို့နယ်ရှိ ဘိုးဘွား(၅၃၁)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၁၅၉၃၀၀၀၀)ကျပ်ကို မြို့နယ် အထွေထွေအုပ်ချပ်ရေးဦးစီးဌာနမှတစ်ဆင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
လင်းလင်းထွန်း (ပြန်/ဆက်)