မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်ရန် ဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် Quarantine Centre အဖြစ် နည်းပညာတက္ကသိုလ်၊ မြောင်းတကာစံပြကျေးရွာ တိုက်နယ်ဆေးရုံနှင့် တပ်ကြီးကုန်း အ.ထ.က ကျောင်းတို့တွင် ဆောင်ရွက်ထားရှိလျက်ရှိရာ Quarantine ဝင်နေသူများ၏ စွန့်ပစ်အမှိုက်များကို ရောဂါပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် ဘေးကင်း လုံခြုံစွာ စွန့်ပစ်နိုင်ရန် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အမှိုက်စွန့်ပစ်မည့် မြေနေရာကို လိုက်လံ ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဟားခါးမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၀၂ စုတို့အား ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်နှင့် စျေးဟောင်း ရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

ပလောက်မြို့တွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ဆက်လက်ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များ ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်ခန့်က ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့ဝင်များက ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသ ကြီးရုံးမှ ဦးစီးအရာရှိ ဒေါ်နော်ကြူကြူဝေနှင့် တာဝန်ရှိသူများသည် ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ များကို ပြည်သူများ သိရှိ လိုက်နာစေရန် အသံချဲ့စက်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မန့်ဟီးရိုးမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒေသခံ ရှမ်းလူမျိုးများကိုသာ အထူးရဲခန့်အပ်မည်

နိုဝင်ဘာလ၈ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေး အတွက် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင် ရန်ဒေသခံရှမ်းလူမျိုးများကိုသာအထူးရဲခန့်အပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်၊ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးအတွက် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်း များကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ ပေးအပ်သည့် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်ရန် ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်းစည်း Masks အခု ၁၀၀၀ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက် 

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ များမှ ဝန်ထမ်းများပူးပေါင်းပြီး အောင်သီရိဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားသည့် နေရာများများ၌ ယနေ့နံနက် ၇ နာရီက နှာခေါင်းစည်း Mask များ အခမဲ့ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

မတူပီမြို့၊ ရမ်တိန်းကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၊ ရမ်တိန်းကျေးရွာအုပ်စု၊ ရမ်းတိန်းကျေးရွာတွင် Cash For Work (CFW) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးမှုအား မတူပီခရိုင် ကျေးလက်ဒေသ ဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအာလ်လျန်ထန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်အ‌‌ရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စား/ ဝတ်/ နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-) ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။
Subscribe to