ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

ဗိုလ်တထောင် စက်တင်ဘာ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက အမှတ်() ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပေးအပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ()လတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိရာ တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် သက်ကြီးဘိုးဘွား (၂၉)ဦးအတွက် စုစုပေါင်း(၈၇၀၀၀၀)ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း အမှတ်() ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက ပြောကြားသည်။ ဆက်လက်၍ သက်ကြီးဘိုးဘွားများ မကျန်ရှိစေရေးအတွက် စီစစ်ဆောင်ရွက်လျက်ရှိပြီး အိမ်တိုင်ရာရောက် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရ သည်။

သိန်းသိန်း(ဗိုလ်တထောင်)