ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Online စနစ်ဖြင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

လင်းခေး          စက်တင်ဘာ     ၂၂

လင်းခေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၊ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မဲပေးခွင့်မဆုံးရှုံးစေရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၁ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် လင်းခေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်မိုးဆွေက ၂ဝ၂ဝပြည့်နှစ် နိုဝင်ဘာလ၈ရက်နေ့တွင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွား နိုင်ရေး မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံး စေရေး လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ မှတ်ပုံတင် အသစ်ပြုလုပ်ပေးခြင်း၊လဲလှယ်ပေးခြင်း နှင့် မဲစာရင်း မှန်ကန်ရေးဆိုင်ရာလုပ်ငန်းများအကြောင်းကို ဆွေးနွေးပြောကြားပေးခဲ့သည်။

 

စိုင်းဇော်လတ် (လင်းခေး)