မိုင်းယောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက်ကလေးများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးများ အား လူမှုဝန်ထမ်းဦးစီးဌာန၏ ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ်မှ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နန်းကိန်ခိုင်ထံမှ သိရသည်။

မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် (CERP) အရ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို အေးလင်းသာယာ တိုက်ပွဲရှောင်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ကျေးရွာအုပ်စု၊ ပြွန်ဦးကျေးရွာတွင ်စက်တင်ဘာလ ၁၉ ရက်နေ့က လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသဖြင့်

ပြည်ကြီးမဏ္ဍိုင်မြို့ သန့်ရှင်းသာယာလှပရေးအတွက် လမ်းမပေါ်သို့ကိုင်းကျသော ဆီအုန်း ကိုင်းခက်များအားရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးရည်ရွယ်၍ လမ်းမပေါ်သို့ကိုင်းကျနေသော ဆီအုန်းကိုင်းခက်များအား ခုတ်ထွင်ရှင်းလင်းခြင်းကို မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့တာဝန်ခံ ဦးမျိုးအောင်ဦးဆောင်၍ ယနေ့နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့ပါသည်။

ကော့သောင်းမြို့တွင် ပရဟိတအဖွဲ့များ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် MASK များ အခမဲ့ ဖြန့်ဝေ

ပြည်တွင်းကူးစက်မှုများမြှင့်တက်လာနေသည့် ကိုဗစ်-၁၉ ရောဂါ ကော့သောင်းမြို့တွင်ကူးစက် ပြန့်ပွားမှုမရှိစေရန် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ ဝိုင်းဝန်းပါဝင်ပူးပေါင်း ဆောင်ရွက်မှု အဖြစ် ကော့သောင်းမြို့၊ ချောင်ဝကျေးရွာ၏ ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် လူငယ့်အားမာန် အဖွဲ့က စက်တင်ဘာလ၂၂ရက်နေ့နံနက်ပိုင်းက မြို့နေပြည်သူများအား ပါးစပ်နှာ ခေါင်းစည်းများ ဖြန့်ဝေပေးသည့် လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး အစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွား မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက် လုပ်ငန်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ (၃) နာရီက အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထီးလှိုင်ရှင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၁၀) ဧကစိုက်ပျိုးထား

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မနောသုခစပါးမျိုးကို မျိုးသန့် မျိုးပွားမျိုးစေ့ (Rs) မှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ (Cs) ဖြင့် မျိုးစေ့ထုတ်လုပ်မည့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း (၁၀) ဧကကို စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး မျိုးစေ့ထုတ် စိုက်ခင်းများမှ မျိုးသန့်မျိုးစေ့များရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၅)ကျောင်းတွင် ကိုဗစ်-၁၉  ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူ၊ သံသယရှိသူ (၂၀)ဦးအား စတင်ထားရှိ 

ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ထားရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မယ်လမုသုံးထပ်ဓမ္မာရုံတွင်
Subscribe to