တောင်သာ၊ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀၀၀၀) နှုန်း ထောက်ပံ့ပေးအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
တောင်သာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၇) အုပ်စုတို့မှ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ရန် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် မြို့နယ်အတွင်းရှိ အိမ်ထောင်စု (၃၄၆၀၃) စုအတွက် ထောက်ပံ့ငွေကျပ် (၆၉၂၀၆၀၀၀၀) ကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်တို့က သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)