နတ်မောက် စက်တင်ဘာ ၂၂
နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၁) နာရီ ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပစ္စည်းအတွက် Hand Held Mega Phone၊ အပူချိန်တိုင်း ကိရိယာနှင့် နှာခေါင်းစည်း (Mask) များကို ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်း (၈၀) ဦးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Hand Held Mega Phone၊ အပူချိန်တိုင်းကိရိယာနှင့် နှာခေါင်းစည်း(Mask)များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပန်ကြား ချက်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူများသို့ ပြန်ကြားချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန် ထားသည့် ထုတ်ပြန်ချက်တို့အား ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအနေဖြင့် ပိုမိုသိရှိနိုင် စေရန်ကို လှည့်လည်ဆော်ဩစေရေးအတွက် မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇၃) အုပ်စုအတွက် စုစုပေါင်း (၈၀)ခု တို့အား ရပ်ကွက်နှင့် ကျေးရွာ အုပ်စုစာရေး ဝန်ထမ်းများ လက်ဝယ်သို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူနှင့့်် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရရှိသည်။
ဝင်းမေထွန်း (ပြန်/ဆက်)