အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နောင်ခဲ၌ ပညာရေးစုံညီပွဲတော် ကျင်းပ
ကျောက်တလုံးကြီး ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နောင်ခဲ ကျောင်းတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉)နာရီခွဲက အဆိုပါကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒသမတန်း ကျောင်းသား/သူများက မြတ်ဆရာ သီချင်းသီဆို၍ ဖွင့်လှစ်သည်။