ပလက်ဝမြို့နယ်အတွင်းတာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီး အစီး(၆၀) ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီးအစီး(၆၀) အား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးသို့ ဖြန့်ဝေပေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူရှင်များက PPE ဝတ်စုံနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်များ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လိုအပ်သလို အသုံးပြုနိုင်ရန်အတွက်၊ အလှူရှင်များက PPE ဝတ်စုံ နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် (၉) နာရီက မြို့မတောင်ရပ်ကွက်မှ အလှူရှင်တစ်ဦးက PPE ဝတ်စုံအစုံ (၃၀) နှင့် ပျံကျဈေးတန်း မိသားစုများက PPE ဝတ်စုံ(၁၀)စုံစာအတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြသည်။

ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသူ (၂၄) ဦးအား ငွေဒဏ်များချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား လမ်းဆုံနေရာတွင် ယနေ့ နံနက် ၇ နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။

Hlaing Quarantine Center များနှင့် Hlaing Fever Clinic တို့တွင် အသုံးပြုရန် ကျန်းမာ​ရေးသုံးပစ္စည်း များလှူဒါန်း

Hlaing Quarantine Center များနှင့် Hlaing Fever Clinic တို့အတွက် လိုအပ်သောနေရာများတွင် အသုံး ပြုရန်လှိုင်မြို့နယ်အ​​ခြေခံ ပညာ အထက်တန်း​ကျောင်းအမှတ် ( ၁ )မှ​ကျောင်းအုပ်ဆရာမကြီး၊ မိဘဆရာ​များ၊ကျောင်းအကျိုး​တော်​ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ပညာ​ရေးရုံး ဝန်ထမ်းမိသားစုများ နှင့် ၁၉၇၈/၁၉၇၉ ကျောင်းသား၊ ကျောင်းသူဟောင်းများ စု​ပေါင်း၍ ငွေကျပ် ၅၇၁၀၀၀ တန်ဘိုးရှိ ကျန်းမာရေးအတွက် အသုံးပြုရန်လိုအပ်သည့် PPEဝတ်စုံ(၅၀)စုံ၊ မျက်မှန်အလက် (၅၀)၊ လက်အိတ် (၅၀)၊ KN- 95 Mask (၅၀၀)၊ Mask ဘူး(၃၀) တို့အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

လှိုင်မြို့နယ်ရှိ ပရဟိတအသင်း(၈) သင်းအား အလှူရှင်များက အလှူငွေ ထောက်ပံ့ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ပရဟိတ အသင်း(၈)သင်းအား လှိုင်မြို့နယ်

ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ ကန့်သတ်စောင့်ကြည့်စင်တာအတွက် အသုံးအဆောင်ပစ္စည်းလှူဒါန်း

ပန်းဘဲတန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်မည့် ကန့်သတ်စောင့်ကြည့် စင်တာတွင် ထားရှိမည့်သူများ နေထိုင်ရန်အတွက် ကုတင်(၅၀)လုံးကို ဦးကျော်ဝင်း (ကြေးအိုးဆောက် လုပ်ရေးနှင့်ထရေးဒင်းကုမ္မဏီလီမိတက်) မှ ယမန်နေ့မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည် ဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှ ရှိ/မရှိ စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့ဝင် များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင် နှင့် လက်ဘက်ရည်ဆိုင်များကို စစ်ဆေးခဲ့သည်။

တမူးခရိုင်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြားရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြား ရှိ သာသနာ့ ဝန်ထမ်းများ အပါအဝင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို ယနေ့ နံနက်(၉)နာရီ အချိန်မှ စ၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရ သည်။

တံတားဦးမြို့နယ်တွင် မြေဆီလွှာဂုဏ်သတ္တိတိုးတက်ရေးအတွက် မျိုးစေ့ထုတ်ရန် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာဂုဏ်သတ္တိ တိုးတက်ရေး အတွက် မျိုးစေ့ထုတ်ရန် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် မြင်းသည်နည်းပညာပေးစင်တာရှိ ယာမြေ(၁)ဧကတွင် စိုက်ပျိုးကြောင်းသိရသည် ။ တောင်သူများ၏ သီးနှံစိုက်ပျိုးမြေများတွင်
Subscribe to