တောင်ဥက္ကလာပမြို့နယ်တွင် Quarantine Centre ထားရှိသည့် စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဒုတိယမြောက် ဖွင့်လှစ်သော အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း Community Based Facility Quarantine Centre ၌ ထားရှိသော စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) ဓာတ်ခွဲနမူနာရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုကို တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ တာဝန်ရှိဆရာ၊ ဆရာမများမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် စောင့်ကြည့်လူနာ(၅၀)ဦးထံမှ ပထမအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းထက်ထက်အောင်