ပုလောမြို့နယ်တွင် ရေဘေးသင့် နေအိမ်များအား ထောက်ပံ့ပေးအပ်

ပုလော  စက်တင်ဘာလ    ၂၂

ပုလောမြို့နယ် တွင် စက်တင်ဘာလ (၁၈)နှင့် (၁၉) ရက်များတွင် မိုးသည်ထန်စွာ ရွာသွန်းကာ ရေကြီးနှစ်မြှပ်၍ ရေဘေး သင့်ခဲ့သော အိမ်ထောင်စုများကို ယမန်နေ့ နံနက် (၁၂)နာရီ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ ကူညီမှု လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ကူညီမှုတွင် ရေကြီးနှစ်မြှပ်၍ ရေဘေးသင့်ခဲ့သည့် လူတစ်ဦးလျှင် (၇) ရက်စာ ဆန်ရိက္ခာ အစား ထောက်ပံ့ငွေ ( ၂၁၀၀ ) ကျပ်စီကို ပုလောကုန်းကျေးရွာ မှ အိမ်ထောင်စု (၃၄)စု၊ လူဦးရေ (၁၄၅) ဦးအတွက် ငွေကျပ် (၃၀၄၅၀၀) ကျပ်၊ ပုလောမြို့ အမှတ်(၅) ရက်ကွက်၊ အိမ်ထောင်စု (၃)စု ၊ လူဦးရေ (၁၇) ဦး အတွက် ငွေကျပ် (၃၅၇၀၀) ကျပ်၊ စုစုပေါင်း ငွေကျပ် ( ၃၄၀၂၀၀ ) ကျပ်ကို ပုလောမြို့နယ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ် က ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)