ကျိုက်မ​ရော မြို့မ​စျေးကြီးအတွင်း​ စျေးသူ​စျေးသားများနှင့် ​စျေးဝယ်သူများအား နှာ​ခေါင်းစည်း (Mask) များ အခမဲ့ဖြန့်​ဝေ

ကျိုက်မ​ရော    စက်တင် ဘာ   ၂ ၂

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့မ​စျေးကြီးအတွင်း ​​စျေး​ရောင်း​စျေးဝယ်များနှင့်ဆိုင်ကယ် Taxi ဂိတ်များ၊ အ​နှေးယာဉ်ဂိတ်များ၌ သွားလာ​နေကြသည့်​ စျေးသူ​စျေးသားများ ​စျေးဝယ်သူ ပြည် သူများကို ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာစေ​ရေးနှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် ရည်ရွယ်၍ ယ​နေ့နံ နက် ၈နာရီခန့်က ကျိုက်မ​ရော မြို့ မြို့မ​စျေးကြီး ၌  နှာ​ခေါင်းစည်း (Mask) များတပ်ဆင်​စေ​ရေး အတွက် လူတစ်ဦးလျှင် နှာ​ခေါင်းစည်း (Mask) နှစ်ခုစီ အခမဲ့​​​ ပေး​ဝေခဲ့သည်။

ထိုသို့​ ဆောင်ရွက်ရာတွင်  ပြန်ကြား​ရေး နှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ဝန်ထမ်းများက ​စျေးကြီးအတွင်းရှိ​စျေးသည် များ၊​​ စျေးလာဝယ်သူ ပြည်သူများနှင့် အ​နှေးယာဉ်ဂိတ်မှ လုပ်သားများ၊ဆိုင်ကယ် Taxi ဂိတ်မှ ကယ်ရီသမားများအား နှာ​ခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ကြရန်၊ အသုံးပြုပြီး​သော  နှာ​ခေါင်းစည်း (Mask) များအား နောက်ထပ် အသုံးမပြုမိကြ​စေရန် အသိပညာ​ပေး၍ နှာ​ခေါင်းစည်း (Mask) များကို အခမဲ့လိုက်လံဖြန့်​ဝေ​ပေးခဲ့ကြ​ကြောင်း သိရသည်။

ချိုချို (ပြန်/  ဆက်)