ပြင်ဦးလွင် စက်တင်ဘာ ၂၂
ပြည်သူများ ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိင်ရေးနှင့် လယ်ယာမြေကိစ္စရပ်များ အမြန် ဆောင်ရွက်နိင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လွှတ်တော် ကိုယ်စားလှယ်များ ၊ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည် ။
ရှေးဉီးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မှ အဖွင့်အမှာစကား ပြောကြားပြီး နယ်မြေဒေသ လုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ ခရိုင်သို့တင်ပြ လာသည့် မြေယာအမှုတွဲ များအား ခရိုင်စီမံခန့်ခွဲမှုကော်မတီဖြင့် အမြန်စိစစ်ဆွေးနွေး ဆုံးဖြတ်နိုင်ရေး တို့အား တာဝန်ရှိသူများက ကဏ္ဏအလိုက် အသေးစိတ်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည် ။
ဆက်လက်ပြီး ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများနှင့်မြို့ အဝင်/အထွက် နေရာများတွင် ပြည်သူများသွားလာနေမှုအား အမြဲစောင့်ကြည့်နိုင်ရန် ကျန်းမာရေး စောင့်ကြည့်စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း ၊ သံသယလူနာများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆက်သွယ် ပို့ဆောင်နိုင်ရေးတို့အား အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည် ။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )