ရပ်စောက်မြို့နယ် သုခကာရီဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် သုခကာရီဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွား (၂၀)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေး ကာလအတွင်း ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄:၀၀)နာရီအချိန် က သုခကာရီ ဘိုးဘွားရိပ်သာဓမ္မာရုံ၌ သွားရောက်၍ ပေးအပ်ခဲ့ကြောင်းသိရသည်။