သဲကုန်းမြို့နယ်တွင် ပရဟိတအသင်းနှင့် FQC များသို့ စက်သုံးဆီဖိုးနှင့် နှာခေါင်းစည်း(Mask)များ ထောက်ပံ့

သဲကုန်း  စင်တင်ဘာ  ၂၃

သဲကုန်းမြို့နယ်၊ ဆင်မြှီးဆွဲမြို့နှင့် ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသော FQCများရှိ စေတနာ့ဝန်ထမ်း (Volunteer)များနှင့် ဆင်မြှီးဆွဲမြို့ ပရဟိတအသင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော   စက်သုံးဆီဖိုးငွေနှင့် မြို့နယ်ကိုဗစ်ကော်မတီမှ ထောက်ပံ့သော နှာခေါင်းစည်း (Mask)များကို ယမန်နေ့ နေ့လည်ပိုင်းတွင် သွားရောက်ထောက်ပံ့ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဆင်မြီးဆွဲမြို့ ပရဟိတအသင်းအား စက်သုံးဆီဖိုးငွေ(၁၅၀၀၀၀) ကျပ်နှင့် နှာခေါင်းစည်း (၃)ဗူးအား လည်းကောင်း၊ ဆင်မြှီးဆွဲမြို့ FQC နှင့်  အင်ပင်လှကျေးရွာ FQC တို့အား ဆိုင်ကယ်ဆီဖိုးငွေ(၁၀၀၀၀၀)နှင့် နှာခေါင်းစည်း(၁၀)ဗူးစီ အားလည်းကောင်း၊ ကျူတော ကျေးရွာ၊ ကြို့ရပ်သာကျေးရွာ၊ တဲကြီးကုန်းကျေးရွာ၊ ပိဿပေးကျေးရွာ၊  ရွာထောင်ကုန်းကျေးရွာ၊ လင်းလဲကျေးရွာ FQC များအား ဆိုင်ကယ်ဆီဖိုးငွေ (၅၀၀၀၀)ကျပ် စီနှင့် နှာခေါင်းစည်း (၅)ဗူးစီအား လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပါသည်။

အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးဝေဖြိုးကျော်၊ မြို့နယ်ပညာရေးမှူး ဉီးဌေးဝင်း၊ မြိုနယ်မီးသတ် ဦးစီးမှူး ဦးရန်မျိုးအောင် တို့က သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)