သုံးခွ စက်တင်ဘာ ၂၃
ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင် ဘာလ ၂၀ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ) Stay Home လုပ်ငန်းစဉ်များတွင် ပါဝင်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမိန့်စာအရ သုံးခွမြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများမှအပ လမ်းသွယ်များ အားလုံး၌ လူအဝင်အထွက် စစ်ဆေးခြင်း လုပ်ငန်းများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်စေခြင်း၊ မဖြစ်မနေ အပြင်သွားလာရတဲ့ အခါမှာလည်း နှာခေါင်းစည်း(Mask)တပ်ဆင်၍ တစ်ဦးသာ သွားရောက် စေခြင်း၊ ဆေးရုံဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်စေခြင်း၊ တာဝန်ထမ်းဆောင်ရန် သွားရောက်၊ ပြန်လာမည့် သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြု ခြင်း စသည် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ Volunteer များမှ ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်