ဖျာပုံမြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပေါ် ရပ်ကွက်/ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း မှစတင်၍ မြို့ပေါ်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ အခြေခံလူတန်းစား အိမ်ထောင်စု များသို့ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ရှားတောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ Quarantine Center ပြုလုပ်မည့် အထက်တန်းကျောင်းအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါကြိုတင် ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား သီးသန့်နေထိုင်စောင့်ကြည့်ရန်အတွက် Quarantine Center အဖြစ် ထပ်မံထားရှိဆောင်ရွက်မည့် အခြေခံ ပညာအထက်တန်းကျောင်းအား ယမန်နေ့ နံနက် ပိုင်းမှစ၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူမှုကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီဈေးမြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝယ်ယူမှုကြောင့် တစ်ပတ်အတွင်း ကြက်သွန်နီဈေးများ မြင့်တက်လာကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် (Quarantine Center)၌ အသွားအလာကန့်သတ်ထားရှိသူများနှင့် မြို့နယ် ဆေးရုံတွင် ထားရှိသည့် စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်(Swab) နမူနာများ ရယူပြီး ဓာတ်ခွဲစစ်ဆေးရန်ပေးပို့

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive)ရှိသူ များနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ထားရှိသည့် အ-ထ-က(၂) Quarantine Center နှင့် မြို့နယ်‌ ဆေးရုံရှိ စောင့်ကြည့်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab)နမူနာ များအား ရယူရန် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ ပူးပေါင်း၍ ယမန်နေ့ က သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း) များ အား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော (စာရေးဝန်ထမ်း) ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ချီးမြှင့် ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇမခန်း၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေးနှိုးဆော်

နေပြည်တော်တပ်ကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀နာရီခွဲ က အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။

တီးတိန်၌ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူးများအား ထောက်ပံ့ငွေပေးအပ်

ချင်းပြည်နယ်၊တီးတိန်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူးများ ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ငွေများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်ထောက်ပံ့သည့် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ယနေ့နံနက် ၁၀ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသီးသီးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာတွင် မြစ်ကမ်းပါးပြိုကျနေမှုအား ကမ်းထိန်းနံရံ တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေပေးအပ်

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ၀န်ထမ်းများက ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညို မြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျလျက်ရှိရာ ကမ်းထိန်းနံရံတည်ဆောက်ရန် အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရွှေခဲ ကျေးရွာရှိ မဟာရွှေခဲဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
Subscribe to