စဉ့်ကိုင်၊ စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ငါးစားသုံးခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင်သန် မာစေပြီး ရောဂါကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးရိုးဗီဇ မြှင့်တင်ထားသည့် ငါးမြင်ချင်းငါးမျိုး ငါးကောင်ရေ(တစ်သိန်း) စိုက်ထည့်ခြင်းကို ယနေ့နံနက်(၉)နာရီက စွန်ရဲကျေးရွာအုပ်စု၊ စွန်ရဲအင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငါးမျိုးများစိုက်ထည့်ရာတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွန်ရဲအင်း၌ ပထမအကြိမ်စိုက်ထည့်ပေးခြင်းဖြစ်ပြီး သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးမှုတွင် အထောက်အကူပြုစေရေးနှင့် ဒေသတွင်းငါးသယံဇာတ ပေါများလာစေရေး၊ ရိက္ခာဖူလုံစေရေး သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၊ ရေရှည်တည်တံ့စေရေး၊ ဘုံငါးဖမ်းကွက် လုပ်ကိုင်သူများ နှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီးငါးလုပ်ငန်းဖြင့် စီးပွားရှာနေသူများ၊ ငါးလုပ်ငန်းဖြင့်မိသားစုစီးပွားရေးဖြေရှင်းနေသူများ ကိုဗစ်-၁၉ရောဂါကာလအတွင်း စီးပွား ရေးကုစားမှုအနေဖြင့် ငါးမျိုးများစိုက်ထည့်ပေ:ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးမြစ်ချင်းငါးမျိုးကောင်ရေ (တစ်သိန်း) စိုက်ထည့်ရာတွင် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ခိုင်ခိုင်၀င်းကကြီးကြပ်၍ စခန်းတာ၀န်ခံ ဦးစောအောင်ကိုလတ်နှင့်၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဦးနှင့် စွန်ရဲအင်းကော်မတီဝင်များ ပူးပေါင်း၍ စွန်ရဲအင်းအတွင်း ငါးမျိုးများစိုက်ထည့်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်