မဘိမ်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ် ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများဖြစ်သည့် Hand Held Mega Phone နှင့် ဓာတ်ခဲပါ (၂၀)စုံနှင့် Thermal Scanner (၂၀)ခုတို့ကို မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၆)အုပ်စုရှိ အုပ်ချုပ်ရေးမှူး များ ထံသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင် တို့က ထပ်ဆင့်လွှဲပြောင်းပေးအပ်ခဲ့ပြီး မဘိမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်များ၊ မြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ပြည်သူများ သိရှိလိုက်နာရန်အချက်များအား ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် ပိုမိုသိရှိနိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)