ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်း မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ဟိုမိန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ် ရေးမှူး ဦးဆန်းဝင်း၏ လမ်းညွှန်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် များက မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့ဝင်ဂိတ်၌ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူဝင်လူထွက် စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းတို့ကို ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရန် ယနေ့၌ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

ဧရာဝတီလင်းပိုင်များသေဆုံးနေခြင်းကြောင့် ရှော့ခ်တိုက်ငါးဖမ်းဆီးမှုပပျောက်စေရန် စီမံချက်ချ ဆောင်ရွက်

ဧရာဝတီလင်းပိုင်များ သေဆုံးနေမှုများနှင့်ပတ်သက်၍ တစ်နှစ်စီမံချက်ချ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သားငါးထိန်းသိမ်းရေးအဖွဲ့(WCS) မှသိရသည်။

နောင်ချိုမြို့ ဈေးရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၆ ဦး အား လူမှုရေး ပင်စင် ထောက်ပံ့

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက် ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဈေးရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား ၁၆ ဦး အား လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် မြဝတီကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှ ပဉ္စမနှစ်မြောက် ချေးငွေများ ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း ဝင်ကျေးရွာပေါင်း ၂၈ ရွာရှိရာ မြဝတီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ပဉ္စမနှစ်မြောက်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ်က အဆိုပါကျေးရွာတွင် အသင်းဝင်များအား ထုတ်ချေးပေးခဲ့သည်။

ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းအား နေ့စဉ် ဆောင်ရွက်လျှက်ရှိရာ ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ပြည်ထောင်စုလမ်းမကြီး၊ လူသွားလူလာများသည့် လမ်းဆုံနေရာများ၌ ယမန်နေ့မွန်းလွဲ (၃:၀၀) နာရီ အချိန်ခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်း ကျေးရွာ(၁၅)ရွာရှိ ငွေကျပ်သိန်း(၁၅၀၀)ဖြင့် Cash for Work စီမံကိန်း ဆောင်ရွက်သည့် လုပ်ငန်း အားလုံး၏ ၁၀၀ ရာခိုင်နှုန်းပြီးစီး

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ Economic Relief Plan(CERP) အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက ကိုဗစ်-၁၉​ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရေး လုပ်ငန်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားနိုင်ရေးအတွက် ၄င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ချီးမြှင့်ခြင်းကို ဟားခါးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၁၅)ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်း စုစုပေါင်း ငွေကျပ်သိန်း (၁၅၀၀)ဖြင့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် လုပ်ငန်းအားလုံး၏ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကျန်းမာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခရီးသွား လာသူပြည်သူများအား

ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ၈ ပေ ၄ ပေ သီခြားပြဘုတ်ဖြင့် ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
Subscribe to