ဖြူးမြို့နယ်တွင်Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော လုပ်ငန်းများအားစစ်ဆေး

ဖြူး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ် လင်းယောခင် ကျေးရွာနှင့် စီအိုပူကျေးရွာတို့တွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်သော ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းများအား စက်တင်ဘာလ (၂၃) ရက်နေ့နံနက် (၁၀)နာရီ တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ Cash For Work စီမံကိန်းကျေးရွာ(၁၁)ရွာရှိပြီး လုပ်ငန်းခွဲ(၂၅)ခုရှိသည့် အနက်  လုပ်ငန်းပြီးစီးမှု(၁၀၀%)ရှိသည့် လင်းယောခင်ကျေးရွာနှင့်စီအိုပူကျေးရွာတို့တွင် ငွေကျပ် သိန်း (၁၀၀) ဖြင့် ဆောင်ရွက်သော ကျေးရွာအတွင်း ကျောက်ရောမြေလမ်းခင်းခြင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းကျော်နှင့် အဖွဲ့က သွားရောက်စစ်ဆေးပြီး လိုအပ်သည် များအား ပေါင်းစပ် ညိှနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
မနွယ်(ဖြူး)