ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နှာခေါင်းစည်း Mask Campaign ပြုလုပ်

ညောင်ဦး၊ စက်တင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နှာခေါင်းစည်း  Mask Campaign ပြုလုပ်ခြင်းအား ယနေ့နံနက် ၈ နာရီခွဲအချိန်က ညောင်ဦးမြို့ နေရာသုံးနေရာတွင် ပြုလုပ်ခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦး ထံမှ သိရသည်။
အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်လုပ်ခြင်းအား ညောင်ဦးမြို့ မဏိစည်သူဈေး အတွင်း အပြင်နှင့် ဘုန်းစဉ်အခွန်လွတ်ဈေးအတွင်းသို့  နှာခေါင်းစည်း Mask လိုက်လံဝေပေခြင်း၊ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုမုဒ်ဦးရှေ့တွင် ဖြတ်သန်းသွားလာသည့် ကားများ၊ သုံးဘီးဆိုင်ကယ်များနှင့် မော်တော်ဆိုင်ကယ်စီးနင်းလာသူများအား နှာခေါင်းစည်း  Mask ဝေပေးခြင်းနှင့် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ပခုက္ကူလမ်းဆုံ ပုဂံရွှေပြည်ကားကြီးကွင်း မီးပွိုင့်တွင် နှာခေါင်းစည်း  Mask များဝေပေးခြင်း   Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးကျော်မင်းဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်တင်မာမျိုးနှင့်ဝန်ထမ်းများက နှာခေါင်းစည်း Mask Campaign ပြုလုပ်ပြီး ညောင်ဦးမြို့ Quarantine Centre များသို့ လည်း နှာခေါင်းစည်း  Mask ဘူးများလှူဒါန်းပေးခဲ့ကြောင်း နှာခေါင်းစည်း  Mask အခုရေ ၂၅၀၀ ဝေပေခဲ့ကြောင်းသိရပြီး နောက်ရက်များတွင်လည်းထပ်မံ၍ နှာခေါင်းစည်း  Mask Campaign ပြုလုပ်မည်ဖြစ်ကြောင်း ဦးကျော်မင်းဦးမှ ပြောကြား သည်။
ကိုထိန်၊KPD