ကိုဗစ်ကာလအတွင်း သန်လျင်ဆေးရုံကြီးသို့ အာဟာရနှင့် အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်း

သန်လျင်  စက်တင်ဘာ ၂၃

 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ ဓမ္မစက္ ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့မှ ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင် လျက်ရှိသည့် ဆရာဝန်၊ ဆရာမများ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများအား နေ့လယ်စာ အာဟာရအဖြစ် ထောပတ်ထမင်းများကို ယနေ့နံနက်တွင်လှူဒါန်းခဲ့သည်။ 
ဆက်လက်၍ အဆိုပါအဖွဲ့သည် သန်လျင်ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော ဆေးရုံသုံး ပစ္စည်းများ၊ ကိုဗစ်အထောက်အကူပြုဆေးဝါးနှင့် ပစ္စည်းများကို ဆေးရုံအုပ်ကြီး ဒေါက်တာ ချိုချိုလွင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ 
ကိုဗစ်အထောက်အကူပြု ဓမ္မစက္ကပဝတ္တနကာရီအဖွဲ့အနေဖြင့် ယနေ့တွင် နေ့လယ်စာ အာဟာရနှင့် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများ အပါအဝင်ကျပ်(၅၂)သိန်းဖိုးလှူဒါန်းခဲ့ကြောင်း
သိရသည်။ 
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် သေဆုံးမှုများ ရှိနေခြင်း ကြောင့် ရောဂါပြန့်ပွားမှု မရှိစေရေး ထိန်းချုပ်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Stay at Home အမိန့်နှင့် ညွန်ကြားချက်များကို ပြည်သူများ တိတိကျကျ လိုက်နာဆောင်ရွက်သွားရန် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ 
သန်းဝင်း(သန်လျင်)