မိုဝိုင်းလွတ်မြို့၌ တောင်ယာစပါးများကို ကြွက်ဖျက်စီးမှုဖြစ်ပွား

မိုဝိုင်းလွတ်    စက်တင်ဘာ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မိုဝိုင်းလွတ်မြို့ရှိ တောင်ယာစပါးများကို ကြွက်များ ဖျက်စီးနေကြောင်း တောင်သူများ၏ အကြောင်းကြားချက်အရ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က စက်တင်ဘာလ ယနေ့နံနက် ၉ နာရီ အချိန်တွင် တောင်သူ ဦးဆဲလ်လား တောင်ယာသို့ သွားရောက်ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရှာမရသည့်အချိန်တွင် တောင်ယာစပါးပါ ပျက်စီးသွားပါက မိသားစုတစ်နှစ်စာ ဝမ်းစာဖူလုံရေးအတွက် စိုးရိမ်နေရကြောင်း တောင်သူများ၏ ပြောပြချက်အရသိရပါသည်။

ကြွက်ဖျက်စီးမှုအား ဆက်လက်မဖြစ်စေရန် ကာကွယ်ရေးအတွက် နည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ရှင်းလင်းပြသပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဖျက်စီးထားသည့် တောင်ယာများ တိုင်းတာကာ သက်ဆိုင်ရာသို့ တင်ပြဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

ပီယမ်း(ပြန်/ဆက်)