ဇလွန်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်နေသူ (၁၇၁)ဦးအတွက် ဆန်ရိက္ခာ လှူဒါန်း

ဇလွန် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇလွန်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်၌ တာဝန် ထမ်းဆောင်နေသူ (၁၇၁)ဦးအတွက် ဆန်ရိက္ခာလှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

လှူဒါန်းရာတွင် ဇလွန်မြို့ လမ်းမတော်တောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ကိုဇော်ဇော်ကြီး+ မမေဇင်ဦး (ရွှေစန္ဒာအအေးခန်း ဧည့်ရိပ်သာ) မိသားစုမှ ဇလွန်မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်၌ တာဝန်ထမ်းဆောင်နေသူ (၁၇၁)ဦးအတွက် တစ်ဦးလျှင် ဆန်()ပြည်နှုန်း လှူဒါန်းခဲ့ပြီး ဇလွန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ  ဦးမျိုးသက်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံ (ဇလွန်)