လိပ်သို - ရှမ်းလယ်ပြင်လမ်းပေါ်ရှိ တံတားငယ်လေးများ တည်ဆောက်ပြီးစီးပြီဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေ

လိပ်သို၊ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နှင့် ရှမ်းလယ်ပြင်ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသော အရှည် (၁၆) မိုင်ရှိ မြေနီလမ်းတွင် ရေပြွန်တံတားငယ်(Box Culvert) များ တည်ဆောက်ပြီးစီးပြီဖြစ်၍ ရှမ်းလယ်ပြင်ကျေးရွာနှင့် အနီး၀န်ကျင် ကျေးရွာများမှ  ပြည်သူများသွားလာရေးနှင့် ကျေးရွာအတွက် ကုန်များသယ်ပို့ရာတွင် ယခင်ကထက် လမ်းပမ်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါလမ်းပေါ်ရှိ တံတားငယ်လေးများကို ၂၀၁၉-၂၀၂၀ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် သံတောင်ကြီးမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  စီမံကြီးကြပ်မှုဖြင့် ကင်းမော်သားကုမ္ပဏီက တာ၀န်ယူတည်ဆောက်ခဲ့ပြီး အရှည် (၅) ပေရှိ  တံတားငယ် (၆) စင်း၊ (၈) ပေအရှည်ရှိ တံတားငယ် (၅) စင်း စုစုပေါင်း တံတားငယ် (၁၁) စင်း တည်ဆောက်ပြီးစီးခဲ့ကြောင်း သံတောင်ကြီးမြို့နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး စောထူးပေါထူး ထံမှ သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)