မြင်းမူ စက်တင်ဘာ ၂၃
ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားအိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရာတွင်၊ မြစိမ်းရောင်မတည်ရင်းနှီးငွေအဖြစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများအားထုတ်ချေးပေးလျက်ရှိရာ ၊ ယမန်နေ့ က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရွှေကျောင်း ကန်ကျေးရွာရှိ မြစိမ်းရောင်အသင်းဝင်များထံ၊ လက်ဝယ်အရောက် လိုက်လံထုတ်ပေးခဲ့ ကြောင်း သိရှိရသည်။
ချေးငွေများထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရေးအတွက် ကျေးရွာ ရှိ မြစိမ်းရောင် ကော်မတီဝင်များနှင့် ပူးပေါင်းကာ၊ အသင်းဝင်များ၏အိမ်တိုင်အရောက် လိုက်လံ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ရွှေကျောင်းကန်ကျေးရွာသို့ ထုတ်ချေးပေးသည့် လည်ပါတ်ရန်ပုံငွေမှာ (၄၃ဒဿမ၄၃) သန်း ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသူ အသင်းသား(၁၆၇)ဦးအတွက်ဖြစ်ကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးဒေါ်ထားထားရီထံမှသိရှိရသည်။
မြင်းမူမြို့နယ် ကျေးလက်ဦးစီးဌာနသည် ပဉ္စမနှစ်ကာလအတွက် မြစိမ်းရောင်ချေးငွေများ ထုတ်ပေးရန် အတွက်ကျေးရွာ(၅)ရွာ လျာထားဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ ကျေးရွာ(၄)ရွာအတွက် ထုတ်ချေး ငွေပေါင်းမှာငွေ ကျပ်(၂၁၁ဒဿမ၉၈)သန်း ဖြစ်ကြောင်းနှင့် ကျန်ရှိကျေးရွာ(၁)ရွာကိုလည်း မကြမီ ထုတ်ချေး ပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)