ကျောက်တံခါးမြို့နယ်တွင်ပုံမှန်ဝင်​ငွေမရှိသည့်အ​ခြေခံလူတန်းစားများအား​ထောက်ပံ့​ငွေ​ပေးအပ်

ကျောက်တံခါး   စက်တင်ဘာ  ၂၃


ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်​ငွေမရှိသည့်အ​ခြေခံ လူတန်းစား များအား တစ်အိမ်​ထာင်ကျပ်နှစ်​သောင်း​ထောက်ပံ့ခြင်းကို စက်တင်ဘာ(၂၃)ရက်နံနက်ပိုင်းက ရပ်ကွက်/​ကျေးရွာအုပ်ချုပ်​ရေးမှူးရုံးများတွင်ပြုလုပ်ခဲ့သည်။


အဆိုပါထောက်ပံ့​ငွေ​များကိုမြို့နယ်အတွင်းရှိရပ်ကွက်(၁၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၆)အုပ်စု ရှိအိမ်​ထောင်စု​ပေါင်း (၂၆၅၃၄)စုအတွက် တစ်အိမ်​ထောင်ကျပ်နှစ်​သောင်းနှုန်းဖြင့် စုစု​ပေါင်း​ထောက်ပံ့​ငွေ(၅၃၀၆၈၀၀၀၀) ကျပ်အား ပဥ္စမအကြိမ်​မြောက်​ထောက်ပံ့ခြင်းဖြစ်​ကြောင်း မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက​ပြောကြားသည်။ ထောက်ပံ့​ငွေ​ပေးအပ်ရာတွင် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်​ရေးညွှန်ကြားချက်များနှင့်အညီ​ ပေးအပ်ခဲ့ကြောင်းသိရှိရ သည်။


စန်းစန်း(ပြန်/ဆက်)