ထန်ပါခွေ စက်တင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လျာထား (၁၄၉၉ ဧက)တွင် တောင်ယာ(၁၃၂၁ ဧက)နှင့် လယ်(၁၈၀ ဧက) စုစုပေါင်း (၁၅၀၁ ဧက) စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေအား ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ ဦးပါဟရို၏ ဆင်းဧကရီ-၃ လယ်စပါးတွင် Leaf colour chart (LCC)ကဒ် အသုံးပြု၍ အရောင်များနှင့် တိုက်ဆိုင်ကြည့်ရှုပြီး စပါးခင်း၏ nitrogen လိုအပ်မှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)