ရပ်စောက်မြို့နယ်၌ ရပ်ကျေးစာရေးဝန်ထမ်းများအား အစိုးရထောက်ပံ့ငွေပေးအပ်

ရပ်စောက်      စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ရပ်ကျေးစာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်း က ရပ်ကျေးစာရေး ဝန်ထမ်း အနေဖြင့် ရုံးဖွင့်ရက်များတွင်သာမက အစိုးရရုံးပိတ်ရက်ဖြစ်သော စနေ၊တနင်္ဂနွေနေ့များ တွင်လည်း လုပ်ငန်းလိုအပ်ချက်အရ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည့် အတွက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁ရက်နေ့မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်ပေါင်း ၁၉ ရက်အား တစ်ရက်လျှင် ၄၈၀၀ကျပ်ဖြင့် ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းနှင့် ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးစိုင်းဆမ်ခမ်း တို့က မြို့နယ်တွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၂)အုပ်စုမှ ရပ်ကျေးစာရေး(၃၂)ဦးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေ (၉၁၂၀၀)ကျပ်ကို ဝန်ထမ်း များ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)