ထန်းတပင်မြို့၌ မြို့ဝင် မြို့ထွက်နေရာများရှိ စစ်ဆေးရေးဂိတ်များတွင် နေ့ ညမပြတ် စစ်ဆေး ဆောင်ရွက်မှုများပြုလုပ်

ထန်းတပင် (ပဲခူး) စက်တင်ဘာ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်  အတွင်းသို့  ကိုဗစ် -၁၉  ကာလအတွင်း ဝင်ရောက် လာသည့် မော်တော်ယာဉ်နှင့် လူပုဂ္ဂိုလ်များအား နေ့စဉ်/ညစဉ် စစ်ဆေး ဆောင်ရွက် ရန် မြို့သို့ဝင်ရောက်လာသည့် နေရာများ၌ စစ်ဆေးရေးဂိတ်(၂) ဂိတ်ထားရှိကာ မြို့နယ် ကိုဗစ် -၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့သို့ ဝင်ရောက်လာသည့် စစ်တောင်းတံတားအဝိုင်းပတ်တွင်  ခရီးသည်တင်ယာဉ် များ၊ မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များ၌ လိုက်ပါကြသူများအား တာဝန်ရှိသူများက ခရီးသွားမှတ်တမ်းများ စစ်ဆေးမေးမြန်းဆောင်ရွက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်း ဆောင်ရွက်ပေးမှုများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ ထန်းတပင်မြို့နယ်အတွင်းသို့ ဝင်ရောက် လာပါက နှာခေါင်းစည်းများ တပ်ဆင်လာကြရန် အသိပေးကြေညာထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)