တမူးမြို့တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် စျေးတန်းရပ်ကွက်အတွင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွား

တမူး စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ စျေးတန်း(၉)ရပ်ကွက်နှင့် (၁၀)ရပ်ကွက်တို့တွင် ယမန်နေ့ ည(၉)နာရီအချိန်မှ (၁၂)နာရီ အချိန်အတွင်း မိုးသည်းထန်စွာ ရွာသွင်းမှုကြောင့် နေအိမ်အချို့ ရေနစ်မြုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရေနစ်မြုပ်သည့် နေရာများသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ရေနစ်မြုပ်သည့် နေအိမ်များရှိ ပြည်သူများနှင့် ပစ္စည်းများကိုရေလွက်ရာ နေရာများသို့ပြောင်းရွှေ့ပေးခဲ့ကြသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)