နတ်မောက် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း သို့ လာရောက် သည့် ဈေးရောင်း၊ဈေးဝယ်သူများအား ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေနံနက် (၇)နာရီခန့် က ဆောင်ရွက်လျက်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့် အညီ နှာခေါင်စည်း (Mask) များစနစ်တကျ တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်များ ထားရှိပေးပြီး စနစ်တကျလက်ဆေးခြင်းများ၊ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် ကိုဗစ်-၁၉အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ ကနေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရ သည်။
ဝင်းမေထွန်း (နတ်မောက်)